လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူ ပြည်သူများနှင့် စာဖတ်ဝိုင်းကျင်းပ

လှိုင် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၁:၀၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ဘဝတစ်ခုစီမံမှု စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ဘဝတစ်ခုစီမံမှု စာအုပ်အား ပြန်လည်ဝေဖန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်အရှိန်အဟုန်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ရဲအောင်