ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအတွက် ဗလာစာအုပ်နှင့် ခဲတံများ လှူဒါန်း

ညောင်ဦး  ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသားကျောင်း သူများအတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတ မိသားစုမှ ယမန်နေ့နေ့ခင်း၂နာရီခွဲအချိန်က ဗလာစာအုပ်နှင့်ခဲတံများ သွားရောက်လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစု အသင်းအကျိုးတော်ဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင်စာသင်လျက်ရှိသည့် စံပြကျေးရွာစာသင်ကျောင်းရှိ ကျောင်းသားကျောင်းသူ(၃၉)ဦးအတွက် ကျောင်းသား/သူတစ်ဦးလျှင် ဗလာစာအုပ်()အုပ်စီနှင့် ခဲတံ()ချောင်း၊ မှန်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ(၂၇)ဦးအတွက် ကျောင်းသား/သူတစ်ဦးလျှင် ဗလာစာအုပ်()အုပ်စီနှင့်ခဲတံ()ချောင်းစီ၊ညောင်လှကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ(၆၁)ဦးအတွက်ကျောင်းသား/သူတစ်ဦးလျှင်ဗလာစာအုပ်()အုပ်စီနှင့်ခဲတံ()ချောင်းစီ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ကျန်ရှိနေသေးသည့် ကျောင်းများနှင့်ကျောင်းသားကျောင်းသူများအတွက်လည်း ထပ်မံလှူဒါန်းပေးဖို့ အစီအစဉ်ရှိသေးကြောင်း ရန်ကုန်မြို့ဝေမျှခြင်းပရဟိတ မိသားစုထံကသိရသည်။

ကိုကြေးမုံ