နွားထိုးကြီး ဇွန် ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ တောကန်ကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီ(ခွဲ)က သစ်ပင်စိုက်ပွဲ ကျင်းပခဲ့သည်။
မြို့နယ်သစ်တောဦးစီးဌာနမှ ဦးမြတ်တိုးအောင်မှ ပြည်သူများ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိစေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ဒေသအပူချိန် လျော့နိုင်စေရန်၊ ရာသီဥတုကောင်းမွန်စေရန်၊ အရိပ်ပါဝါသ မျက်စိပဒါသ အကျိုးကျေဇူးများ ရရှိစေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲသို့ မြိုနယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူတို့ဖြင့် စုစုပေါင်းအင်အား (၇၅) ဦးတက်ရောက်၍ ယူကလစ် (၆၀)ပင်၊ တမာ (၄၀) ပင်၊ မယ်ဇလီ (၄၀)ပင်၊စိန်ပန်း (၄၀)ပင်၊ ယင်းမာ (၃၀)ပင်၊ မကျည်း(၄၀)ပင်၊ ကုက္ကို(၃၀)ပင်၊ ဗန်ဒါ (၂၀)ပင်၊ ခရေ(၅)ပင်၊ တယ်(၅)ပင် စုစုပေါင်း (၃၀၀)ပင်အား စိုက်ပျိုးကြကြောင်း သိရသည်။
သန်းအောင်ဇော်