မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခြင်ကနေတဆင့်ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်အတွက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်​ ကျောင်းများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က  အမှတ်(၃)မူကြိုကျောင်း၌ ပြည်သူကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူ(၅)ဦးတို့က ကျောင်းဝင်းအတွင်း၊ အပြင်တို့တွင် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သိရှိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)