ရပ်စောက်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရပ်စောက် ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ()နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ထားသောဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၅)ဖွဲ့ခွဲ၍ ဇွန်လ(၂)ရက်နေ့မှစတင်ကာ သက်ဆိုင်ရာစာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိရာ ဇွန်လ(၅)ရက်နေ့အထိ အသက်()နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၅၀၀၀)ဦးကျော် ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ (၁၈,၉၀၉)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)