ရန်ကင်း ဇွန် ၆
ရန်ကင်းမြို့နယ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျန်းမာရေး ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန် က အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်ရေးသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းမှ လုပ်ငန်းခွင်ထိခိုက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများ က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အိရွှေစင် (ပြန်/ဆက်)