ပုဇွန်တောင် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SINOPHARM ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် အမှတ် (၂)ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၁၂၆၆)ဦးရှိပြီး ဇွန်လ ၇ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်နွယ်ဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက လိုက်လံထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ကျောင်းသား/ကျောင်းသူ ဦးရေ(၂၄၁)ဦးအား ဆေးထိုးနှံပြီးဖြစ်ပြီး ကျန်ရှိကျောင်းများတွင် သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာမာအေးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်