ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေး သင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိ ဇွန် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ်(Women Empowerment & Gender Equality)တို့ ပူးပေါင်းပြီး ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ စာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။                              

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းမှ ပညာသင်ကြားနေကြသည့် အမျိုးသမီးများအနေဖြင့် ကျား၊မရေးရာ (Gender)နှင့် ကျားမအခြေပြုအကြမ်းဖက်မှု(GBV)ဆိုင်ရာ သင်တန်းပြုလုပ်ပေးခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိပြီး မိမိကိုယ်တိုင်က ကျား၊မရေးရာ (Gender)ကို ကွဲကွဲပြားပြား သိရှိနားလည်လာစေရန်နှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှု (GBV) ပြုလုပ်ခံရခြင်းမှ ကင်းဝေးပြီးသူတစ်ပါးကိုလည်း အကြမ်းဖက်မှုများ မပြုလုပ်မိစေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍‌မန္တလာရောင်စဉ် (Women Empowerment & Gender Equality)မှ ဒေါ်သက်သက်နွယ်က အထီးအမသဘာဝ၊ လူမှုရေးအရသတ်မှတ်ထားသောအမျိုးသား၊ အမျိုးသမီး တာဝန်ခွဲဝေမှုများ၊ သာတူညီမျှမှု၊ တန်းတူညီမျှမှုနှင့်ကျား၊မ အခြေပြုအကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို ဆွေးနွေးခဲ့ရာတက် ရောက်လာသည့် သင်တန်းသူများမှသိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)