ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် စတင်ထိုးနှံပေး

ဒလ ဇွန် ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်  တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ် စာသင်ကျောင်းများ၌ ပထမအကြိမ် စတင်ထိုးနှံပေးကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြိုနယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမားရေးဦးစီးဌာန ဆရာ၊ ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဒလမြို့နယ်ရှိ ..က(၁၅)၊ အ..က.မူလွန်(ရွှေလှေချောင်)၊ အ..က.မူလွန်(သမ္ဘာန်ချောင်)၊ အ..က(ကုန်းတမ်း)၊ အ..က(ဓနုတ်)၊​အ..က()၊ အ..က(ရခိုင်ချောင်)၊ အ..က(ပျော်ဘွယ်ကြီး)၊ အ..က(ခနောင်ချောင်းဝ) ကျောင်းများရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း  ကျောင်းသား၊ ကျောင်းသူ (၈၄၇)ဦးကို ယနေ့နံနက်ပိုင်းတွင်  ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်စီဂျင်တိုင်းခြင်းစသော ကျန်းမာရေးဝန်ဆောင်မှုများကို စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(MYANCOPHARM)ကို ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသူများကိုလည်း ​ဆက်လက်​ထိုးပေးသွားမည်ဖြစ် ကြောင်းသိရသည်။

သီတာဝင်း (IPRD)