သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

သုံးခွ  ဇွန်  

ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျောင်းသား/သူများ ကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေမှအသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍  ယမန်နေ့မွန်းလွဲ ()နာရီအချိန် က  စာရေးဆရာ  ရွှေဒါးမောင်မြင့်ထွန်း ရေးသားသည့် "ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး က စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားထားသော "ကျောင်းသားလူငယ်နှင့်စာဖတ်ခြင်း" စာအုပ်သည် နောင်တွင် ကြယ်ပွင့်လေးတွေလို ထွန်းလင်း တောက်ပလာပြီး အနာဂတ်တွင် ခေါင်းဆောင်တွေဖြစ်လာကြမည့် ကျောင်းသားလူငယ်များ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းလေး ဖြစ်ပါကြောင်း၊ ငှက်တို့၏အားက ကောင်းကင်၊ ငါးတို့၏အားက ရေပြင်၊ နိုင်ငံတော်အားက ကျောင်းသားလူငယ်များပင်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပြီး (youth club) အဖွဲ့၀င် ဒေါ်ချိုချိုလွင်မှကျောင်းသားနှင့်စာကြည့်တိုက် " ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကျောင်းဆိုသည်မှာ အတတ်ပညာလေ့လာသင်ရာ ဌာနဖြစ်သလို စာကြည့်တိုက်ဆိုသည်မှာလည်း ကြည့်ရှု့လေ့လာရန်၊ ငှားရမ်းရန်၊ စာအုပ်များကို စာပေဝါသနာပါသူ စာဖတ်ပရိတ်သတ်များ လာရောက်ဖတ်ရှုရာ နေရာအဆောက်အအုံသာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ (Youth Club) အဖွဲ့၀င်မမူပိုင်စိုး က " စာဖတ်ဝါသနာပြုစုပျိုးထောင်ပါ" ခေါင်းစဉ်အားဆွေးနွေးရာတွင် စာဖတ်ခြင်းသည်လည်း ထမင်းစားခြင်းကဲ့သို့ပင် လူ့ဘ၀အတွက် အရေးပါလှပါကြောင်း၊ စာဖတ်ခြင်းသည် လူတစ်ဦးချင်းစီ၏ တိုးတက်မှုတိုင်းပြည်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်နိုင်၊ အကျိုးပြုနိုင်ပါသဖြင့် လူတိုင်းစာဖတ်ခြင်း၌ ဝါသနာထုံလာစေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

စည်သူလင်း (ပြန်/ဆက်)