လဲချားတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

လဲချား ဇွန် ၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လဲချားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့မွန်းလွဲ (၂) နာရီခွဲ အချိန်က မြို့နယ်ဦးစီးရုံးတွင် ပေးအပ်ခဲ့ပါသည်။

လဲချားမြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား  လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ ပေးအပ်ရာတွင် လဲချားမြို့နယ်ရှိ ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉)အုပ်စုတို့မှ ဘိုးဘွား(၁၀၆)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းကျပ် (၃၁၈၀၀၀၀)ကျပ်တိတိကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များထံသို့ လက်ဝယ်အရောက်ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)