ဒေါ့ဖုန်းယန် ဇွန် ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေါ့ဖုန်းယန်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ရောဂါ အခံရှိ/မရှိ မေးမြန်းခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်၍ အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၂၁)ဦးနှင့် ကျောင်းသူ(၂၉) ဦး၊ စုစုပေါင်း (၅၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
သန်းနိုင်စိုး(ပြန်/ဆက်)