တောင်သာမြို့၌   မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး

တောင်သာ    ဇွန်  ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရှိဘုရားနှင့်ဘုန်း တော် ကြီးကျောင်း၊ အ.ထ.ကကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာ ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ပြည်လုံးအောင်ချမ်းသာဘုရားနှင့် ညောင်ပင်သာ(ဘုန်းတော်ကြီးကျောင်း)တို့အား မီးသတ်ဆေးဘူးထားရှိမှုအခြေအနေနှင့် အခြားလိုအပ်သည်များအား ကွင်းဆင်းစစ်ဆေးပြီးနောက်  အထက(တောင်သာ)ကျောင်းအား  ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)