သံဖြူဇရပ်၌ ၂၀၂၂ ခုနှစ်” ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့” အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သံဖြူဇရပ် ဇွန် ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌သစ်တောဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် “ကမ္ဘာပတ်ဝန်းကျင် ထိမ်းသိမ်းရေး​နေ့”အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြမာလာကျေးရွာ မြဟေဝန်ရပ် ကျိုက္ခမီစက်စဲ ကမ်းနံဘေး၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရေးနှင့် ကမ္ဘာကြီးကျန်းမာလာစေရန်အတွက် ယနေ့ သစ်ပင် စိုက်ပျိုးပွဲတွင မန်ဂျန်ရှားအပင် (၅၀)၊ မဟော်ဂနီပင် (၅၀)၊ ကျွန်းပင် (၅၀)စုစုပေါင်း ပျိုးပင်(၁၅၀)ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် ဒေသခံပြည်သူတို့က ပျော်ရွှင်စွာစိုက်ပျိုးခဲ့ကြသည်။

သံဖြူဇရပ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ( ၂၅၀၀၀ )ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီး ဌာနမြို့နယ်ဦးစီးဌာနမှူး ဦးဝင်းဗိုလ်ဦးထံမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)