မိုင်းခတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မိုင်းခတ် ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့တွင်စတင်၍ စာသင်ကျောင်း ဆေးထိုးစုရပ်နေရာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း ၄၇ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၂၃၈၄ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ/ဆရာမများက ဆက်လက်ကျောင်းအပ် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)