မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါးစပ်နှာခေါင်စည်း(mask)များ အခမဲ့ဖြန့်ဝေ

မြစ်ကြီးနား၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စက်တင်ဘာ (၄) ရက်နေ့ နံနက်(၈)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ရေစင်ဈေး၊ အမှတ် (၁)၊ အမှတ် (၂) ဈေးတို့တွင် ပါးစပ်နှာခေါင်စည်း (mask) များကို  အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ပါးစပ်နှာခေါင်စည်း (mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြစ်ကြီးနားမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးခင်မောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးတန်ရှန်နှင့် တပ်ဖွဲ့ဝင်များက ပျံကျဈေးရောင်း၊ ဈေးဝယ်သူများအား ဈေးအဝင်ပေါက် လက်ဆေးစင်ထားရှိနေရာများတွင် ဈေးအတွင်းဝင်ရောက်လာသူများအား လက်ကိုစနစ်တကျဆေးကြောနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းနှင့် ပါးစပ်နှာခေါင်စည်း (mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။

စိန်ဝင်း(ပြန်/ဆက်)