လွိုင်လင်မြို့တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကို ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

လွိုင်လင်၊ စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် နာရီအချိန်က အထက () အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်နှင့် အတွင်းရေးမှူး ဦးသိန်းနိုင်တို့က ကော်မရှင်ဖွဲ့စည်းခြင်း အသိပညာပေးခြင်းနှင့်အတူ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်အတွင်းနှင့် ပြင်ပကြိုတင်မဲပေးခြင်း၊ မဲရုံများပြင်ဆင်ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အခြားရွေးကောက်ပွဲဆိုင်ရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ညနေ နာရီအချိန်ထိပို့ချသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့မှ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင် /အတွင်းရေးမှူး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၄ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)