တောင်ဥက္ကလာပမြို့နယ် သိပ္ပမဥ္ဇူ‌စာသင်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ  ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ သိပ္ပမဉ္ဇူစာသင်တိုက်တွင် စာရေးဆရာ‌ စိတ်မိုး သိပ္ပမဉ္ဇူဆရာတော် ဘဒ္ဒန္တတိက္ခဉာဏ ရေးသား‌သော စာမြတ်မွှေးကြူ ပန်းမဉ္ဇူသို့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စာ‌ရေးဆရာ စိတ်မိုးမှ စာမြတ်မွှေးကြူပန်းမဉ္ဇူသို့ စာအုပ်နှင့်ပတ်သက်ပြီး အဖွင့်မုဒိတာစကား ပြောကြားခဲ့ပြီး မြို့နယ်စာ‌ရေးဆရာအသင်း အတွင်းရေးမှူး ဆရာပန်းမျိုးခင်၊ အမျိုးသားစာ‌ပေဆုရ စာရေးဆရာကြီး ဦးအေးချို(မဟာဝိဇ္ဇာ)၊ စာ‌ရေး ဆရာမ‌ကြီး ရွှေကူနန်းနွဲ့နွဲ့၊ စာရေးဆရာဒေါက်တာမြင်ခိုင် (ဥဂ္ဂါညို၊ဒီးပဲယင်း)၊ အမျိုးသား စာပေဆုရ စာရေးဆရာ မောင်နိုင်(ဒဿနိက)တို့မှ ဆရာစိတ်မိုးရေးသားထုတ်ဝေသော စာမြတ်မွှေးကြူ ပန်းမဉ္ဇူသိုစာအုပ်နဲ့ပတ်သက်ပြီး ကျေးဇူးတင်မုဒိတာစကား ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ စာ‌ရေးဆရာစိတ်မိုးမှ စာမြတ်မွှေးကြူ ပန်းပဉ္ဇူသို့ စာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသူများအား‌ စာအုပ်များ အမှတ်တရ လက်ဆောင်‌ပေးကာ အခမ်းနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း