ချီဖွေ ဇွန် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် မြို့အဝင်အထွက်လမ်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ချီဖွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက တက်ရောက်လာသည့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး နိုင်တင်အေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇောင်းရယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာလင်းလင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဖြိုးဝေ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်/ကျေး စာရေးတို့အား ပျိုးပင်များ ပေးဝေခဲ့ပြီး သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် စိန်ပန်း(၄၅)ပင်၊ သပြေဘူတ(၃၀)ပင်၊ စင်္ကာပူချယ်ရီ(၂၀)ပင်၊ ဂျပန်ချယ်ရီ (၂၀)ပင်၊ ငုဝါပန်းပင်(၂၀)ပင်၊ ဗံဒါပင်(၂၀)ပင်၊ စွယ်တော်(၂၀)ပင်၊ ကျွန်း(၅၀)ပင်၊ ကံကော်(၂၀)ပင်၊ သပြေပင်(၂၀) ပင် စုစုပေါင်း ပျိုးသစ်ပင်(၂၅၅)ပင်တို့ကို မြို့အဝင် ပြည်သူ့ဆေးရုံ ရှေ့၊ ချီဖွေမြို့အထွက် ပန်ဝါမြို့သွားလမ်းနှင့် ဆော့လော်သွားလမ်းတစ်လျှောက်တို့တွင် စိုက်ပျိုးခဲ့ ကြောင်း သိရသည်။
မေခမွန်(ပြန်/ဆက်)