မိုင်းကိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်

မိုင်းကိုင် ဇွန် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းများကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကွင်းဆင်းမှုတွင် ကျောင်းဖွင့်ချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါနှင့် ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရန်အတွက် ယနေ့ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  အခြေခံပညာအထက် တန်းကျောင်းသို့ သွား ရောက်၍ ကျောင်းစာသင်ခန်းအတွင်းရှိ  ခြင်ခိုအောင်းနိုင်သောနေရာများ၊ ရေမြောင်းများ၊ ရေဝပ်နိုင်သောနေရာများ၊ ပေါင်းမြက်ရှိသော နေရာများ၊ ပန်းအိုးများနှင့် ပိုးလောက်လမ်း ပေါက်ဖွား နိုင်သည့် နေရာများကို  ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်