နောင်ချိုမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နောင်ချို ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၅-၆-၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချို-ရပ်စောက်လမ်းမပေါ်ရှိ ရွှေမုဋ္ဌောအုပ်စု လမ်းဘေးဝဲယာတွင် ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေမုဋ္ဌောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းညိုနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း အင်အား ၁၅၀ ဦးတို့က နောင်ချို-ရပ်စောက်လမ်းမပေါ်ရှိ ရွေမုဋ္ဌော ကျေးရွာအုပ်စု လမ်းဘေးဝဲယာတွင် ကျွန်း(၁၀၀)ပင်၊ ခါတော်မှီ(၁၀၀)ပင်၊ ရေသင်းဝင်(၁၀၀)ပင်၊ ရေပိတုန်း(၁၀၀)ပင်၊ မန်ဂျာရှား(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင် စုစုပေါင်း ပျိုးပင်(၆၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ပြန်/ဆက်