ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကလော ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမှတ် (၂၆၉) ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းစာအုပ်မှ စာရေးဆရာ အောင်ချစ် (ဟဲဟိုး) ရေးသားသည့် တန်ဖိုးသိသူသည်တန်ဖိုးရှိ၏ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာအောင်ချစ်(ဟဲဟိုး) ရေးသားသည့် တန်ဖိုးသိသူသည်တန်ဖိုးရှိ၏ စာအုပ်ကို အောင်ချစ်(ဟဲဟိုး)က ဖတ်ကြား ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြန်လည် ဝေဖန်သုံးသတ်ဆွေးနွေးခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်အရှိန်အဟုန်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)