ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနား ပြုလုပ်

ဒဂုံ  ဇွန်     ၅

၁.၆.၂၀၂၂ ရက်နေ့မှ ၅.၆.၂၀၂၂ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပြီးဖြစ်သဖြင့်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအား ယ​နေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအောင်ပွဲ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်သြဝါဒစရိ ယ လှရတနာဆရာတော် ဘဒ္ဒန္တ နာရဒါ ဘိဝံသပါ သံဃာတော် ၁၈ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး၀င်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် အလှည့်ကျ ဂေါပက ဦးဌေးလှိုင်နှင့်ဂေါပကအဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း လူပုဂ္ဂိုလ် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်ဘုရားကြီး)ထံမှ နဝင်္ဂသီလခံယူဆောက် တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားပူဇော်သော ပရိတ်တရားတော် များ နာကြားခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါ စရိယ၊ စေတိ ယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်ဘု ရားကြီး)ထံမှ အနုမော ဒနာတရားနာကြား၍ ရေစက်ချအမျှ ပေးဝေခြင်းများပြုလုပ်ပြီး ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကေလာသမှ  နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက်  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို၍ အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

​မေသန္တာ