နမ္မတူ ဇွန် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်လာပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်ရန်၊ အများပြည်သူ သစ်ပင်များကို ချစ်ခင် မြတ်နိုးတန်ဖိုးထားပြီး သစ်ပင်စိုက်ပျိုးလိုစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့အောင်က သစ်ပင်များ ရှင်သန်အောင်စနစ်တကျ စိုက်ပျိုးရန်နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၁) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်၍ ကျွန်း (၁၀၀)ပင်၊ မယ်ဇလီ (၃၀၀)ပင်၊ ရေသင်းဝင် (၃၀၀)ပင်၊ ယူကလစ် (၅၀)ပင်နှင့် ယမနေ (၅၀)ပင် စသည်ဖြင့် စုစုပေါင်းပျိုးပင် (၈၀၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့အောင်ထံက သိရသည်။
လူမော် (ပြန်/ဆက်)