တံတားဦး ဇွန် ၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၈)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မိမိတို့မြို့နယ်ရုံးအနေဖြင့် ယခုလို (Talk Show) များ၊ အသိပညာပေးဟောပြောပွဲများကို မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးပြီး ပြည်သူ လူထုများအား အချိန်နှင့် တစ်ပြေးညီ သိရှိလိုသည့် သတင်းအချက်အလက်များနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းက ၂၀၂၂ ခုနှစ် ဇွန်လ (၅)ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ “World Environment Day” အဖြစ်၍ (၂)နှစ်အကြာ ပထမဆုံး အကြိမ်အဖြစ် “Only One Earth” ဆောင်ပုဒ်ဖြင့် ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာမြေဟာ လူသားများနဲ့ သက်ရှိဇီဝမျိုးစုံ မျိုးကွဲများအတွက် တစ်ခုဖြစ်သော နေအိမ်ဖြစ်၍ ကမ္ဘာမြေ၏ သဘာဝအရင်းအမြစ်များ မပျောက်ကွယ်မဆုံးရှုံးရေး ကာကွယ်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် သစ်ပင်ပျိုးများ စိုက်ပျိုးခြင်းနှင့် ပြည်သူလူထုအားဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် လူတိုင်းနဲ့ သက်ဆိုင်ပါကြောင်း၊ ဒါ့အပြင် နေ့ရက်တိုင်း တွင် မိမိပတ်ဝန်းကျင်အတွက် ကောင်းမွန်သော အပြုအမူအလေ့အထများ ကျင့်သုံးပြီး ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရဲတင့်