ရမည်းသင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရမည်းသင်း ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက်(၈)နာရီခွဲက ရွှေဒါးမဟာဗောဓိဘုရားပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။    

အဆိုပါ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦး ခန့် တက်ရောက်ကြပြီး ကျွန်း(၁၂၀)ပင်၊ ပျဉ်းကတိုး(၁၅)ပင်၊ မ‌ဟော်ဂနီ(၅)ပင်၊ ခါတော်မှီ တစ်ပင်၊ ယင်းမာ(၅၀)ပင်၊ ပိတောက်(၇၂)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ ကုက္ကို(၃၅)ပင်၊ စုစုပေါင်း ပျိုးပင်(၅၀၀)ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ရမည်းသင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်တို့ကို ရည်ရွယ်၍ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဆက်လက်၍ ဇွန် ၂၁ ရက် ကျရောက်မည့် ကမ္ဘာ့ရာသီဥတုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများကို အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းဝန်းအတွင်း ကမ္ဘာ့ရာသီဥတု စိုက်ပျိုးပွဲကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးထံမှ သိရသည်။

သိန်းသန်းထွန်း