တံတားဦး ဇွန် ၅
ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့ ၆-ပေ၊ ၄-ပေ ရှိ ဆိုင်ဘုတ်းအား တံတားဦး-မြို့သာ ကားလမ်းအနီးတွင် ယနေ့ နံနက်ပိုင်းက စိုက်ထူထားကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်တွင် “WORLD ENVIRONMENT DAY 2022” နှင့် “ONLY ONE EARTH” တစ်ခုတည်းသော ကမ္ဘာမြေ ဟုသာပါရှိကြောင်း ကမ္ဘာပေါ်ရှိ လူသားတိုင်း သဘာဝပတ်ဝန်းကျင်နေ့ ကို နှစ်စဉ်ဇွန်လ(၅)ရက်နေ့ကို သတ်မှတ်ထားပါကြောင်း၊ ကမ္ဘာပေါ်ရှိလူသားတိုင်းနှင့် သတ္တဝါ အားလုံးဟာ အသက်ရှင်ဖို့ရင် သန့်ရှင်းတဲ့သဘာဝပတ်ဝန်းကျင်နဲ့ ကောင်းမွန်သောဂေဟစနစ် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်း၊ အမှိုက်ကင်းစင်ရေး လုပ်ငန်းတို့သည် အဓိကအခြေခံပါကြောင်း၊ ပြည်သူလူအနေဖြင့် မိမိတို့နေအိမ်ခြံဝတို့တွင် သစ်ပင်များ စိုက်ပျိုးသင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ၁၀ရာခိုင်နှုန်း သစ်တောသစ်ပင်များကို သဘာဝထိန်းသိမ်းပင်အဖြစ် သတ်မှတ်ထားပါကြောင်း၊ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ခြင်းဖြင့် မိမိ၏ဂုဏ်သိက္ခာကို ဖော်ပြပေးနေပါကြောင်း၊သဘာဝပတ်ဝန်းကျင် ပျက်စီးလျှင် ရာသီဥတုဖောက်ပြန်ခြင်းများ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနအနေအဖြင့် ၂၀၂၂-ခုနှစ် ကျေးရွာထင်းစိုက်ခင်း(၅၀) ဧကနှင့် လူထုဖြန့် ပျိုးပင်(၆)သောင်းကျော် ပြုစုပျိုးထောင်ထားပါကြောင်း၊ ပြည်သူများနေဖြင့် သဘာဝ ပတ်ဝန်းကျင်း ထိန်းသိမ်းနိုင်ရေးအတွက် ဒေသစိမ်းလန်းစိုပြေလုပ်ငန်း သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်ဦးစီးဌာနရုံးမှ သိရသည်။
ရဲတင့်