လင်းခေးတွင် သဘာဝစိမ်းလန်းစိုပြေရေးနှင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပတ်စဉ်သန့်ရှင်းရေး စု‌ပေါင်းလုပ်အားပေးဆောင်ရွက်

လင်းခေး ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် သဘာဝစိမ်းလန်းစိုပြေရေးနှင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယမန်နေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ ပန်ဝေါင်အခြေခံပညာ အလယ်တန်းကျောင်း ပုရိဝုဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အရိပ်ရသစ်ပင်ကြီးများအား မလိုအပ်သော အကိုင်း‌ခြောက်များအား ဖြတ် တောက် ခုတ်ထွင်ရှင်းလင်းပစ်ပေးခြင်း၊ အမှိုက်သရိုက်အစုံတို့ကို သယ်ယူစွန့်ပစ်ခြင်းနှင့် ကျောင်း သန့်စင်ခန်းများအနီး အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်စင်ခန်းသန့်ရှင်းစင်ကြယ် စေရေး စသည်တို့ကို စုပေါင်းလုပ်အား‌ပေး ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ နေရာသို့ လင်းခေးတပ်နယ်မှူး ဗိုလ်မှူးကြီး သန့်ထင်စိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်‌ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြသည်။

လင်းခေးမြို့နယ်၏ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး အတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လင်းခေးတပ်နယ်အတွင်းရှိ တပ်ရင်းများ မှ တပ်မတော်သားများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်များ၊ လင်းခေးမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထုအင်အား  စုစုပေါင်း (၁၈၀)ဦး တက်ရောက်လုပ်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)