မိတ္ထီလာ ဇွန် ၅
မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ စီစဉ် ဆောင်ရွက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန်က နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက် အရိပ်ရ သစ်ပင်ပန်းမန် ၁ဝဝ ကျော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြွယ်ကြွယ်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးကြသည်။ ဆက်လက်၍ အခမ်း အနားကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုနောက် ကမ္ဘာ့ကုလသမဂ္ဂ (UN)နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းအစီအစဉ် (UNEP)တို့မှ ပေးပို့သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသသည်။ ထို့နောက် ၂ဝ၂၂ ခုနှစ်ကမ္ဘာ့ပတ်
ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် တစ်ခုတည်းသောကမ္ဘာမြေ Only One Earth ခေါင်းစဉ်ဖြင့် ခင်းကျင်းပြသထားသော ပြခန်းပြကွက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ချမ်းသာ