သံတွဲ ဇွန် ၅
“Only One Earth” တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ်နှင့် အညီ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက သံတွဲမြို့၊ ဒါးသွေးကျောက်တောင် ဘုန်းတော်ကြီးဝန်း၌ ကျင်းပရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တက်ရောက်သစ်ပင်စိုက်ပျိုးပေးခဲ့သည်။
အခမ်းအနားတွင် တိုင်းဦးစီးချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ က ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပျဉ်းကတိုး(၄၀၀)၊ မဟော်ဂနီ (၂၈၀)၊ မန်ဂျန်ရှား(၃၀၀)၊ မယ်ဇယ်(၅)ကံကော် (၅)၊ သပြေ (၅)နှင့် ပုန်းညှက်(၅)ပင် စုစုပေါင်းပျိုးပင် (၁၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)