ခိုလမ် ဇွန် ၅
လွိုင်လင်ခရိုင်၊ ခိုလမ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်ရှိ အထက(ခိုလမ်) ကျောင်း၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၅၀၀ ဦးခန့်က အဆိုပါ ကျောင်းနေရာများတွင် အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာနေရာများသို့ အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ခိုလမ်)