ကလောမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းနှင့် သက်ကြီးဘိုးဘွားများအား အလှူငွေနှင့် လူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း

ကလော  ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ကလောမြို့မဟာဆေးဝင်္ဂဘာ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက် အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့က  ကလောမြို့မဟာဆေးဝင်္ဂဘာကျောင်းတိုက်တွင် အလှူငွေ၊ ဆန်၊ ဆီ၊ ဆေးနှင့် လှူဖွယ်ပစ္စည်း များ ဆပ်ကက်လှူဒါန်း ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် ကလောမြို့ရပ်ကွက် အတွင်းရှိ သက်ကြီးရွယ်အိုအဘိုးအဘွား ၁၄ ဦးတို့ကို အလှူငွေနှင့် အာဟာရဓာတ်စာများကို အိမ်တိုင် ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)