ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့‌ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်လှိုင် (မောင်မောင် ညွန့်လှိုင်)မှ ဗဟိုအဆင့် လုပ်ငန်းများ‌ဆောင်ရွက်ရန် ရွေးချယ်ခံရသဖြင့် မြို့နယ်စာရေးဆရာ အသင်း၏ လုပ်ငန်းတာဝန်များကို ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းအေး (ခင်ယုသွေး)ထံသို့  လွှဲအပ် ပေးသွားမည်ဖြစ်‌ကြောင်းနှင့် မြို့နယ်လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ပြန်လည်ရွေးချယ်ရေးဆိုင်ရာများကို အမှုဆောင်များ က ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ