ဒလမြို့နယ်တွင်  အခြေခံပညာမူလတန်းပြဆရာ/ဆရာမများအားလုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်လှစ်

ဒလ ဇွန်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် အခြေခံပညာ မူလတန်းပြဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို  ယမန်နေ့နံနက် ၉နာရီတွင်  မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ဖွင့်လှစ်ပြီး ပညာရေးမှူးဒေါ်မြင့်မြင့်အေးက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မူလတန်းပြ ဆရာ၊ဆရာမ (၁၅)ဦး တက်ရောက်ပြီး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ဇွန်လ ()ရက်နေ့မှ ဇွန်လ (၁၀) နေ့ရက်အထိ၊ နံနက် ()နာရီမှ ညနေ () နာရီအထိ  ရက်သတ္တပတ်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ထိုသင်တန်းတွင် မူလတန်းပြဆရာ၊ဆရာများအား  သင်ရိုးသစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မူလတန်းသင်ရိုးသစ်မိတ်ဆက်ခြင်း၊ ပညာရေးမူဝါဒများ၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနည်းဥပဒေများ၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာများ ပညာရေးအညွှန်းကိန်းများစသော ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

သီတာဝင်း (IPRD)