ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း များအခမဲ့ ဖြန့်ဝေ

မချမ်းဘော့  စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မချမ်းဘော့မြို့မဈေးနှင့် လူသွားလူလာများသော လမ်းဆုံတွင် ယမန်နေ့ နံနက် (၇)နာရီအချိန်က ပါးစပ်နှာခေါင်းစည်း များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့ ပူးပေါင်း၍ မချမ်းဘော့ မြို့မဈေးနှင့် လမ်းဆုံလူစည်ကားရာနေရာတို့တွင် ပါးစပ်နှာခေါင်းစည်း မတပ်သည့် ပြည်သူများအား ချက်ချင်းတပ်ဆင်ပေးခဲ့သည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်းအခု (၅၅၀) ဖြန်းဝေခြင်းကို မချမ်းဘော့မြို့နယ် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်လင်းဦး (ပြန်/ဆက်)