ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး( Talk Show ) ဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များနှင့် အဓိပ္ပာယ်များ၊ ကမ္ဘာပေါ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာရတဲ့ အဓိကအကြောင်းအရင်းများ၊ ကမ္ဘာမြေကြီးသန့်ရှင်းသာယာပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် လူသားတစ်ဦး တစ်ယောက်ချင်းစီ လိုက်နာရမည့်အချက်များ၊ ဇွန်လ ၅ ရက်နေ့ ရောက်ရှိမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သိကောင်းစရာအသိပညာပေး(Talk Show)အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ