ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ကျေးသီး ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးသီးအခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊  တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ကျေးသီးမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးခဲ့ကြောင်း အထကကျောင်းအုပ်ဆရာမကြီးထံမှ သိရ သည်။

သဲစုပိုင်(ကျေးသီး)