လှည်းကူး ဇွန် ၄
၂၀၂၂ ခုနှစ်၊ ဇွန်(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ဇွန်(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ် ထားခြင်းကြောင့် ပြည်သူများပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော သိကောင်းစရာများ သိရှိလိုသော ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲပြုလုပ်ရခြင်းကို ပြောကြားသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်တို့က ၁၉၇၄ခုနှစ်မှစတင်၍ ဇွန်လ(၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ပတ်ဝန်းကျင်း ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများကြောင့် သက်ရှိသတ္တဝါများ၊ အပင်များမပျက်စီးစေရန် ထိန်းသိမ်းရမည့်အချက်များ၊ ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ ရေထု၊ လေထုညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရမည့် အချက်များနှင့် သစ်တော၊ သစ်ပင်များ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့