ဒေါပုံမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး (၉/၂၀၂၀) ပြုလုပ်

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲရေးအကောင်အထည် ဖော်ကော်မတီ အစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေလယ် (၂)နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင် က (၂၀၂၀-၂၀၂၁) ဘ႑ာနှစ် လုပ်ငန်းများ စတင်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာလ ဖြစ်နေသောကြောင့်  ကျန်းမာရေးနှင့် အညီဆောင်ရွက်ရန်နှင့် မြို့နယ်လိုအပ်ချက်များကို အားလုံးပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ရမည့်ဖြစ်ကြောင်းနှင့် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်ဇင်တို့က  (၂၀၂၀-၂၀၂၁) ဘ႑ာနှစ် ဘတ်ဂျက်နှင့်ပတ်သက် ၍ကိစ္စများအား အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး  မြို့နယ် စီမံကိန်း ဦးစီးမှူးဒေါ်တင်မိုးမိုးအေးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများပတ်သက်၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ အသီးသီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကော်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေး၏ ဆုံးဖြတ်ချက် အကြောင်းအရာများအား ညှိနှိုင်းဆုံးဖြတ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)