မိုင်းခတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မိုင်းခတ် ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့်​ ကျေးရွာများတွင် သွား​ရောက်​ထောက်ပံ့​ ပေးလျက်ရှိသည်။

နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား(၃၉)အား တစ်ဦးလျှင်သုံး​သောင်းကျပ်နှုန်းဖြင့် စုစု​ပေါင်း​ငွေကျပ်(၁၁၇၀၀၀၀)​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃၉)ဦးရှိပြီး အဆိုပါလူမှုရေး ပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်