သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show  ဆောင်ရွက်

သံတွဲ ဇွန် ၄

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ Talk Show တွင် သံတွဲမြို့နယ်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်မင်းထက်အောင်က ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍  ကမ္ဘာပေါ်မှာ လူသားများနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြသနာများ ဖြစ်ပွါးလာရခြင်းကို ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် သိရှိလာပြီး ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကမ္ဘာ့ကုလသမဂ္ဂလူသားနှင့်ပတ်ဝန်းကျင် ဆိုင်ရာညီလာခံကျင်းပမှုကို အခြေခံပြီး နှစ်စဉ် ဇွန်လ ၅ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးပါပုံတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထိုနောက်သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်