ရန်ကင်း ဇွန် ၄
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအား လှည့်လှည် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၂၄) ကျောင်းထိ ဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၅၇၃၈)ဦး၊ တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး အခြေခံကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများအား မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအတွက် အဆင်ပြေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်များ ပြည့်စုံမှု ရှိ၊ မရှိနှင့် ပြည့်စုံမှုမရှိသေးသော ကျောင်းသား၊ ကျောင်းသူများအတွက် အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းများအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအတွက် မိဘဆရာများ၊ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြရန်အတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျောင်းများကို ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်