ကျိုက်ထို ဇွန် ၃
၂၀၂၂ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ ကျိုက်ထိုမြို့နယ် ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၀ နာရီတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ယနေ့အားကစားကို လိုက်စားနေသည့် လူငယ်များကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အားကစားနှင့်မြို့နယ်၏ဂုဏ်ကို ဖော်ဆောင်ခဲ့သည့်အတွက် ယနေ့တွင် ဂုဏ်ပြုပွဲကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းက ယနေ့အားကစားသမားများသည် နောင်အနာဂတ်တွင် နိုင်ငံ့ဂုဏ်ဆောင် ခေါင်းဆောင်များဖြစ်လာနိုင်ကြောင်း ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန် မိမိကိုယ်ကိုယ် ဆက်လက်ပျိုးထောင်သွားဖို့လိုကြောင်းပြောကြားခဲ့သည်။
ယင်းနောက် ကြီးကြပ်သူနည်းပြများနှင့် အားကစားသမားများကို ဂုဏ်ပြုဆုချီးမြှင့်ရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အားကစားအသင်းအား ငွေကျပ်(၃၀၀၀၀ဝိ/-)ကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲ ကျားပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအားငွေကျပ် (၂၀၀၀၀ဝိ/-)ကိုလည်းကောင်း၊ ပိုက် ကျော်ခြင်း(၃)ယောက်တွဲ(မ) ပြိုင်ပွဲတွင် ဒုတိယရရှိသည့်အသင်းအားငွေကျပ် (၁၀၀၀၀ဝိ/-)ကိုလည်းကောင်း၊ အသင်းအုပ်ချုပ်သူနည်းပြအားငွေကျပ်(၁၅၀၀၀၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)