မိုင်းရယ် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ကျေးရွာအုပ်စု စုရပ်အသီးသီးနှင့် အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ ပြုလုပ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် မိုင်းရယ်မြို့ အမှတ်(၁/၂/၃)ရပ်ကွက်၊ နားဝါကျေးရွာအုပ်စု၊ ကုန်းစုံကျေးရွာအုပ်စု၊ မန်ဖျက်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက်ရှိသူ (၁၁)ဦး၊ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ (၆၅)ဦး စုစုပေါင်း(၇၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် အခြေပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူ များအားကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)