ချီဖွေမြို့နယ် အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ချီဖွေ ဇွန် ၃

မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အ‌ခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးကို အခြေခံပညာ အထက်တန်းကျောင်း (ရစ်လောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဥက္ကပ်) ကျောင်းများ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ​အသက် (၅)နှစ်မှ (၁၂)နှစ်အကြား ကျောင်းသား/သူများအား ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်ထွေး၊ မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဆရာ/မများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/သူများ အဆင်ပြေလွယ်ကူစေရန် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ဆောင်ရွက်ခဲ့ပြီးနောက် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ထို့​နောက် ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရစ်လောင်)၊ အခြေခံပညာ မူလတန်းကျောင်း (ဥက္ကပ်)၊ အခြေခံပညာအထက်တန်းကျောင်း (ပန်ဝါ) ကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၁၇၈)ဦးအား ကိုဗစ်​ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ မြို့နှင့်ဝေးကွာနေသော ကျေးရွာအတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား/သူများကိုလည်း ​ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇေမွန်(ပြန်/ဆက်)