မိုင်းယန်း ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာသဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်းနိုင်စိုးက သဘာဝဘေးအန္တရာယ် အမျိုးအစားများဖြစ်သော မီးဘေးအန္တရာယ်၊ လေဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ အခြားမမျှော်မှန်းနိုင်သော မုန်တိုင်း၊ တောင်ပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းနှင့် တောမီးလာင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ကြိုတင်ဆောင်ရွက်သင့်သည့် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ရာသဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်တပ်ဖွဲ့အနေဖြင့် အင်အား၊ လူ၊ ယာဉ်၊ စက် အကုန်လုံး သင့်လေးသင့်ဖြစ်အောင် အမြဲတမ်းဆောင်ရွက်ထားပါကြောင်း၊ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်လာရင် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များအားလုံးကို အမြန်ဆုံးရောက်ရှိနိုင်အောင် စုရပ်နေရာ သတ်မှတ်ထားပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေနဲ့ မီးငြိမ်းသတ်ရေးလုပ်ငန်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းစွမ်း ဆောင်ရည် စနစ်တကျမြင့်မားစွာ ကာကွယ်ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး လုပ်သားပြည်သူများ သဘာဝဘေးအန္တရာယ် တစ်ခုခုနှင့်ကြုံတွေ့လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လေ့ကျင့်ခြင်း၊ အားနည်းချက်ရှာဖွေခြင်း ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်အတွက် ပြည်သူကိုအလုပ်အကျွေးပြုသော တပ်ဖွဲ့တစ်ခုနှင့် ပြည်သူလူထုက ယုံကြည်အားကိုးရသော မီးသတ်တပ်ဖွဲ့တစ်ခုဖြစ်အောင် လုပ်ငန်းအောင်မြင်သည်အထိ အမြဲလေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး