နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း ဥတ္တရသီရိမြို့နယ်သို့ ကွင်းဆင်း စစ်ဆေး

နေပြည်တော်  စက်တင်ဘာ ၆

နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော်လမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်နွယ်နီထွန်း၊ တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းလွင်၊ ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ယမန်နေ့က ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုရှိ ပြည်တော်လင်းကျေးရွာ ချောင်းကူး တံတား၊ သရက်တော ကျေးရွာအုပ်စုရှိ မသိမ်-ချောင်းမကြီးတံတား၊ ပိုးစာတော-ချောင်းမကြီး တံတား၊ စုစုပေါင်း တံတား(၃)စင်းတို့အား လမ်းလျှောက်ဖွင့်လှစ်ပေးသည်။

ထို့နောက် တောင်ညိုကျေးရွာအုပ်စုရှိ နေပြည်တော်အဝင် ပိန္နဲပေါက်စစ်ဆေးရေးဂိတ်၌ အဖွဲ့ စုံမှ စစ်ဆေးဆောင်ရွက်မှုအခြေအနေများအား စစ်ဆေးကြည့်ရှု၍ ပြည်ထောင်စုရန်ပုံငွေဖြင့် တည် ဆောက်လျက်ရှိသော တောင်ညို(အ.ထ.က)ကျောင်းဆောင်၊ မင်းကုန်း(အ.ထ.က)ကျောင်းဆောင် နှင့် သဲကျွန်း(မူလွန်)ကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ် ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးပြည့်မီစေရေးတို့ကို လမ်းညွှန်မှာကြား သည်။

အဆိုပါ တံတားများကို နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်တော် လင်းတံတားနှင့် ချဉ်းကပ်လမ်း(အရှည်၁၂၂ ပေ)၊ မသိမ်တံတား နှင့် ချဉ်းကပ်လမ်းနှင့် မြေကာ နံရံတည်ဆောက်ခြင်း( အရှည် ၁၅၀ ပေ) ၊ ချောင်းမကြီးချောင်း တံတား(မသိမ်-ပိုးစာတော) နှင့် ချဉ်းကပ်လမ်းနှင့် မြေကာနံရံ တည်ဆောက် ခြင်း (အရှည် ၁၄၀ ပေ) ဖြစ်ကြောင်း သိရသည်။

ရွှေရွှေမြင့်(ပြန်/ဆက်)