မိုးကောင်း ဇွန် ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးကောင်း၊ ပင်းဘော၊ ဆားမှော်၊ နမ္မတီး ဆေးထိုးစုရပ်များ၌ (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်(၉)နာရီတွင် ဆေးထိုးပေးလျက်ရှိကြောင်း သိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးပေးလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်စည်းကမ်းချက်များနှင့် အညီ လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းနှင့် တာဝန်ရှိသူတို့က ထိုသို့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်းကို မိုးကောင်း(က) ဒေသအုပ်စုတွင် ဆေးထိုး စုရပ်(၆)ခု၊ မိုးကောင်း(ခ)ဒေသအုပ်စုတွင် ဆေးထိုးစုရပ်(၈)ခု၊ ပင်းဘောဒေသအုပ်စုတွင် ဆေးထိုး စုရပ်(၉)ခု၊ နမ္မတီးဒေသအုပ်စုတွင် ဆေးထိုးစုရပ်(၆)ခု၊ ဆားမှောဒေသအုပ်စုတွင် ဆေးထိုးစုရပ်(၄)ခု စုစုပေါင်း ဆေးထိုးစုရပ်(၃၃)ခုဖြင့် မိုးကောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၃၀)ကျောင်း၊ ဘ/ကကျောင်း(၅)ကျောင်း၊ သီလရှင်ကျောင်း(၁) ကျောင်းတို့မှ (၅)နှစ်အထက် ကျောင်းသား/သူ (၁၁၂၀၉)ဦးကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
သန်းလွင်ဦး(ပြန်/ဆက်)