နမ္မတူ ဇွန် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနေမှုအားကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ပြီး၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရောင်းချစေရေး ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်-၃ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့လည်းကောင်း ကွင်းဆင်း၍ လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)