ဒဂုံ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁:၅၀ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား / ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား (၆၉) ဦး၊ ကျောင်းသူ (၆၄) ဦး၊ စုစုပေါင်း (၁၃၃) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် (၁၃၃) ဦးအတွက် ဆေးအလုံးရေ ၂၇ လုံးအား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးစဉ် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရသည်။
မေသန္တာ